Thursday, May 17, 2007

စိတ်အပန်းပြေရာ ပင်လယ်ကမ်းခြေ



အပန်းဖြေစရာ နေရာတွေအများကြီးရှိပါတယ်.... အဲဒီထဲမှာမှ ပင်လယ်ကမ်းခြေရဲ့  အပန်းပြေစေတဲ့ကြောင်းလေးကို ပြောပြချင်ပါတယ်.....
ပြာလဲ့လဲ့ကောင်းကင်၊ ပြာလွင်လွင်ရေပြင်လွှာ၊ စိမ်းစိုသော အုန်းပင်တွေ၊ သဲသောင်ကမ်းတွေဟာဆိုရင် သဘာဝ ပန်းချီကားချပ်လေးဟာ အလွန်လှပပါတယ်။
သဲသောင်ပြင်ပေါ် ခြေဗလာနဲ့  လမ်းလျှောက်တဲ့ အရသာ.... လှိုင်းများစီးရတဲ့ အရသာ... နေ၀င်ချိန်ဆိုရင် နီရဲလှပနေတဲ့ နေလုံးကြီးကို ကြည့်ရတဲ့ အရသာကလည်း စိတ်ပင်ပန်းမှုတွေကို သူ့ အလိုလို ပျောက်ကွယ်သွားပါတော့တယ်...
ပင်လယ်စာတွေကို အားရပါးရစားနိုင်ပါသေးတယ်... ကမ်းခြေရဲ့ အချိုရည်ဖြစ်တဲ့ အုန်းစိမ်းနုရည်တွေကို ပုံသဏ္ဍာန် စုံလင်စွာတွေ့ ရတဲ့ ခရုတွေကိုကောက်ရင်း သောက်ရတဲ့ အရသာကလည်း ပင်ပန်းမှုတွေပြေပျောက်သွားပါတော့တယ်... အင်း....ဒါကြောင့် အလုပ်တွေများလို့ ဘဲဖြစ်ဖြစ် ၊ ကျန်းမာရေးကြောင့်ဘဲဖြစ်ဖြစ် အပန်းဖြေချင်တယ်ဆိုရင် ပင်လယ်ကမ်းခြေကို သွားစေချင်ပါတယ်.....
ကျွန်မလည်း ကမ်းခြေကို တစ်ခါဘဲရောက်ဘူးတာပါ...... ကျွန်မ ရိုက်ထားတဲ့ ဓာတ်ပုံတွေမဟုတ်ပါဘူး....
ဝဘ်ဆိုဒ်ထဲကနေ ထည့်ထားပေးတာပါ......