Saturday, August 4, 2007

Mind Your English

အားလုံးမင်္ဂလာပါ....... post အသစ်မတင်ဖြစ်တာလဲ ကြာပြီ.....
ရွေးရင်းနဲ့  အရွေးလွန်သွားတယ်.....း)
မနေ့ က သူငယ်ချင်းအိမ် သွားရင်းနဲ့  စာအုပ်တစ်အုပ်ဖတ်မိတယ်....
အဲဒီ စာအုပ်ထဲက "Mind Your English" ဆိုတဲ့ English စာပိုဒ်လေး တစ်ချို့ ကို သဘောကျလို့ ..... post တင်လိုက်ပါတယ်....
Flower may wither...
Roses may die ..
Others will forgot you ..
Never will I ...

You ask me to sign your Autograph..
But I'd rather have your Photograph..
So, let me know by Telegraph...
How you like my Paragraph .....
ပထမ စာပိုဒ်က.. ပန်းပွင့်လေးတွေ ခြောက်သွေ့ ညှိုးနွမ်းကောင်း ညှိုးနွမ်းကြပေမည်။
နှင်းဆီပန်းတွေ ချုပ်ငြိမ်းပျက်စီးကောင်း ပျက်စီးကြသည်။
အခြားသူတွေက သင့်ကို မေ့ပျောက်ကောင်း မေ့ပျောက်ကုန် ကြလိမ့်မည်။
ငါကတော့ သင့်ကို ဘယ်သောအခါမှ မေ့ပျောက်လိမ့်မည် မဟုတ်။

ဒုတိယစာပိုဒ် ကတော့ ... မင်းက ငါ့ကို မင်းရဲ့ လက်မှတ်ကို ပေးတယ်။
ဒါပေမဲ့ ငါလိုချင်တာက မင်းရဲ့  ဓာတ်ပုံ ကိုပါ။
နောက် ငါက ဖုံးနံပါတ်ကို သိခွင့်ရခဲ့တယ်။
မင်း ခုငါ့ရဲ့  စာပိုဒ်လေးကို နှစ်သက်သလား ။

Thursday, May 17, 2007

စိတ်အပန်းပြေရာ ပင်လယ်ကမ်းခြေ



အပန်းဖြေစရာ နေရာတွေအများကြီးရှိပါတယ်.... အဲဒီထဲမှာမှ ပင်လယ်ကမ်းခြေရဲ့  အပန်းပြေစေတဲ့ကြောင်းလေးကို ပြောပြချင်ပါတယ်.....
ပြာလဲ့လဲ့ကောင်းကင်၊ ပြာလွင်လွင်ရေပြင်လွှာ၊ စိမ်းစိုသော အုန်းပင်တွေ၊ သဲသောင်ကမ်းတွေဟာဆိုရင် သဘာဝ ပန်းချီကားချပ်လေးဟာ အလွန်လှပပါတယ်။
သဲသောင်ပြင်ပေါ် ခြေဗလာနဲ့  လမ်းလျှောက်တဲ့ အရသာ.... လှိုင်းများစီးရတဲ့ အရသာ... နေ၀င်ချိန်ဆိုရင် နီရဲလှပနေတဲ့ နေလုံးကြီးကို ကြည့်ရတဲ့ အရသာကလည်း စိတ်ပင်ပန်းမှုတွေကို သူ့ အလိုလို ပျောက်ကွယ်သွားပါတော့တယ်...
ပင်လယ်စာတွေကို အားရပါးရစားနိုင်ပါသေးတယ်... ကမ်းခြေရဲ့ အချိုရည်ဖြစ်တဲ့ အုန်းစိမ်းနုရည်တွေကို ပုံသဏ္ဍာန် စုံလင်စွာတွေ့ ရတဲ့ ခရုတွေကိုကောက်ရင်း သောက်ရတဲ့ အရသာကလည်း ပင်ပန်းမှုတွေပြေပျောက်သွားပါတော့တယ်... အင်း....ဒါကြောင့် အလုပ်တွေများလို့ ဘဲဖြစ်ဖြစ် ၊ ကျန်းမာရေးကြောင့်ဘဲဖြစ်ဖြစ် အပန်းဖြေချင်တယ်ဆိုရင် ပင်လယ်ကမ်းခြေကို သွားစေချင်ပါတယ်.....
ကျွန်မလည်း ကမ်းခြေကို တစ်ခါဘဲရောက်ဘူးတာပါ...... ကျွန်မ ရိုက်ထားတဲ့ ဓာတ်ပုံတွေမဟုတ်ပါဘူး....
ဝဘ်ဆိုဒ်ထဲကနေ ထည့်ထားပေးတာပါ......